Friday, July 31, 2015
ရင်လွဲခြင်း
ညညဆိုဂစ်တာတစ်လက်နဲ့
မင်းရှိရာအရပ်ကိုတမ်းတရင်း
အလွမ်းတွေကိုဖော်ကြူးလို့
ပျော်ရွှင် ခဲ့တဲ့အတိတ်တွေကို
ပြန်မြင်ယောင်ပြီးမင်းရဲ့အပြုံး
မင်းရဲ့အသံလေးတွေကိုလွမ်းမိ
ဖုန်းထဲကဝါးတားတားအသံလေးက
ငါ့အတွက်တော့သာယာနာပျော်ဖွယ်
ဓာတ်ပုံထဲကမင်းရဲ့သက်မဲ့အပြုံးလေးက
ငါ့အတွက်တော့တစ်သက်စာအားဆေး
Good Nightဆိုတဲ့Messageလေးက
ငါ့အတွက်ညတိုင်းညတိုင်းတွေမှာ
ကောင်းသောည တွေအဖြစ် ရရှိခဲ့
နံရံပေါ်ကမင်းရဲ့ပုံရိပ် က လေးတွေလဲ
အခုထိsuperglueတန်ခိုးနဲ့တည် ရှိနေဆဲ
နှလုံးသားထဲကမင်းပုံရိပ် က လေးတွေလဲ
အခုထိအချစ် ရဲ့တန်ခိုးနဲ့တည် ရှိနေဆဲ
ဖန်ဆင်းရှင် မဟုတ်တဲ့ငါကမင်းအလိုကျ
ဖြည့်ဆည်းမ ပေးနိုင်တော့တဲ့အခါမှာ
မင်းဟာနောက်တစ်ယောက်ထားလို့
ငါ့ဘဝကိုဖျက်ဆီးသွားခဲ့တာပါလား……
နေသူရိန်
nyithuaung67@gmail.com
Subscribe to:
Post Comments (Atom)

No comments:
Post a Comment