တစ်နေ့တစ်မျိုးမရိုးလှအောင်
လှပလွန်းတဲ့သူမအလှတွေအောက်မှာ
တစ်နေ့ပြီးတစ်နေ့ကျွန်တော့်ရဲ့အချစ်တွေ
သူမအပေါ်ပိုပိုပြီးတိုးလာခဲ့တယ်
စက္ကန့်နဲ့အညီသူမအပေါ်ကို
သတိရလွမ်းစွတ်တဲ့နေ့ရက်တွေ
ရာသီအလီလီပြောင်းလဲခဲ့ပါပြီ
ဖွင့်မပြောရဲတဲ့ကျွန်တော့်အဖြစ်က
သူမအတွက်ဟာသတစ်ပုဒ်ပေါ့လေ
အခွင့်သာရခဲ့မယ်ဆိုရင်တော့
သူမအလှကိုဖော်ကြူးပြီး
ချစ်တဲ့အကြောင်းလေးကိုတော့
ဖွင့်ပြောပြလိုက်ချင်ပါရဲ့ဗျာ........
နေသူရိန်
nyithuaung67@gmail.com
No comments:
Post a Comment